ဒုက္ခသည်ပညာရေးစင်တာမှအစီအစဉ်များဖျက်သိမ်းခြင်းအသိပေးကြေငြာချက် COVID-19
ယမန်နေ့ည မတ်လ (၁၂) ရက် ညနက်ပိုင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဝင်းမာ၏ ကြေငြာချက်အရ ကျွန်ုပ်တို့ 2130 Enterprise St SE နှင့် 2530 Eastern Ave SE နေရာများတွင် ဒုက္ခသည်ပညာရေးစင်တာမှ ဖွင့်ပေးနေသော အစီအစဉ်များကို ခေတ္တရပ်ဆိုင်းထားရန် ခက်ခဲသည့်ဆုံးဖြတ်ချက်ကို ချမှတ် လိုက်ရသည်။ ထို့အပြင် ဌာနဆိုင်ရာအစီအစဉ်များနှင့် လူပုဂ္ဂိုလ်အလိုက် လိုက်လံ ကူညီဆောင်ရွက်ပေးခြင်း ဝန်ဆောင်မှုများကို ယခုအခါ တယ်လီဖုန်းနှင့်အခြားနည်းလမ်းများမှတဆင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူး ဝင်းမာ၏ အတည်ပြု ထုတ်ဖေါ် ပြောကြားချက်အရ မီချီကန်ပြည်နယ်တွင်း ကိုရိုနာဗိုင်းရပ် ကူးဆက်သူ (၁၂)ဦးဖြစ်ပွားခဲ့ခြင်းကြောင့်၊ မတ်လ (၁၆)ရက်နေ့ တနင်္လာနေ့မှစ၍ သူငယ်တန်းမှဆယ့်နှစ်တန်းထိ အစိုးရကျောင်းများနှင့်ပုဂ္ဂုလိကပိုင်ကျောင်းများပိတ်ထားရန် အမိန့်ချမှတ်လိုက်သည်။
ဤကျောင်းပိတ်ခွင့်များနှင့် Kent ခရိုင်တွင်း ရောဂါကူးစက်မှု သုံးခုကိုကြည့်ပြီး ဒေသဆိုင်ရာနှင့်ပြည်နယ်အာဏာပိုင်များ၏ အကြံပြုချက်များကို လိုက်နာရန် ကတိအဝတ်ပြုထားပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ခက်ခဲသောဆုံးဖြတ်ချက်ကို ချမှတ်ရန်ကျရောက်လာခဲ့သည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မိသားစုများနှင့် ကျွန်ုပ်တို့နေထိုင်သော ပတ်ဝန်းကျင်ရှိလူထုများ၏ ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးသည်။ ရောဂါပိုးပျံနှံ့မှု နှေးကွေးစေရန် ကြိုးပန်းမှုများကို ကျွန်ုပ်တို့ကူညီမည်။
ကျွန်ုပ်တို့ဝန်ဆောင်မှုပေးသူတစ်ဦးချင်းစီသည် အများပြည်သူနှင့်ပုဂ္ဂလိကလူမှုရေး ဝန်ဆောင်မှုများအား မှီခိုအားထားနေရသည်ကို ကျွန်ုပ်တို့သိပြီး ကလေးထိန်းစောင့်ရှောက်ရေးအတွက်သော်လည်းကောင်း၊ ကျောင်းသားများ ကျောင်းတက်ချိန်အပြီး လုံခြုံသောနေရာများတွင် အချိန်ပိုများတက်နိုင်ရန်နှင့် လိုအပ်သောအကူညီများပုံပိုနိုင်ရန်အချိန်အကန့်အသတ်မရှိသော ကူညီပံ့ပိုးမှုများရရှိရန် ဒုက္ခသည်ပညာရေးစင်တာကို မှီခိုအားထားခြင်းဖြစ်သည်။ ဤအခြေအနေသည် ကျွန်ုပ်တို့ကို အများကြီးစိုးရိမ်ပူပန်စေသည်။ ထို့အပြင် မနက်စာ အစားအစာများနှင့်မုန့်ပဲသရေစာများကို မှီခိုအားထားသည့် Kent ခရိုင်တွင်းနှင့်အနှီးတဝိုက်ရှိ ကျောင်းသားများအတွက် ကျွန်ုပ်တို့စိုးရိမ်သည်။ အများပြည်သူနှင့်တသီးပုဂ္ဂလိက ပံ့ပိုးကူညီပေးသူများအား ဤခက်ခဲသောအချိန်တွင် ကလေးများကို ထောက်ပံ့ရန် တက်ကြွစွာကူညီလုပ်ဆောင် ပေးသည့်အတွက် ကျွန်ုပ်တို့အထူးပဲကျေးဇူးတင်ရှိပါတယ်။
ကျွန်ုပ်တို့၏အစီအစဉ်မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဝင်းမာ၏ မဖြစ်မနေကျောင်းပိတ်ခွင့်ကို ဧပြီလ(၆)ရက်နေ့ တနင်္လာနေ့အထိ လိုက်နာရန်ဖြစ်သည်။ Kent ခရိုင်တွင်းရှိ ကျောင်းများသည် အစီအစဉ်အတိုင်းပြန်လည်ဖွင့်လှစ်ပါက ကျွန်ုပ်တို့ဒုက္ခသည်ပညာရေးစင်တာနေရာအားလုံးတွင် အစီအစဉ်များ ကိုပြန်လည်စတင်ရန်စီစဉ်ထားသည်။ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ထောက်ပံ့သူများနှင့် ဝန်ဆောင်မှုပေးနေသူများကို နောက်ဆုံးရ သတင်းများနှင့်အခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။
ဤကျန်းမာရေးပြသနာဖြစ်ပွားနေစဉ်အတွင်း မီချီကန်ပြည်နယ် အနောက်ဖက်ခြမ်းရှိဒုက္ခသည်များ၏ လိုအပ်ချက်များကို ကျွန်ုပ်တို့ တစ်ဦးချင်းစီ အလိုက်လိုအပ်မှုများကို တတ်နိုင်သလောက်ဆက်လက်ထောက်ပံ့သွားမည်ကို ကျေးဇူးပြု၍ သိရှိပါ။ ကျွန်ုပ်တို့၏ ဝန်ထမ်းများအနေဖြင့် အဝေးမှဆက်လက်လုပ်ဆောင်သွားမည်။ ရည်မှန်းချက်များပြည့်မြောက်ရန် ဝန်ဆောင်မှုများကို ဖန်တီးမှုဆိုင်ရာနည်းလမ်းများဖြင့် ပံ့ပိုးသွားမည်။ မိတ်ဆွေများနှင့်အိမ်နှီးချင်းများအားလုံးကို လုံခြုံသည့်လူမှုနေထိုင်မှုနှင့် ကျန်းမာရေးဌာနမှအကြံပြုသည့် တကိုယ်ရည်သန့်ရှင့်မှုဆိုင်ရာ အလေ့အကျင့်များကို ကျင့်သုံးရန် အကြံပြုလိုပါသည်။ ကျွန်ုပ်တို့နှင့်အတူပူးပေါင်း၍ လူထုအတွက် နည်းလမ်းများ၊ ဘေးကင်းလုံခြုံမှုနှင့် ကူညီမှုများမှပါဝင်ရန် အကြံပြုလိုပါသည်။
ဌာနဆိုင်ရာအခြေအနေများကိုသိရှိရန် မေးမြန်းလိုပါကသော်လည်းကောင်း၊ ကူညီရန်သော်လည်းကောင်း၊ သို့မဟုတ် အကူအညီလိုအပ်ပါက သော်လည်းကောင်း အီလ်မေ့လ်ဖြင့်ဆက်သွယ်ရန် info@refugeeeducationcenter.org သို့မဟုတ် facebook.com/RefugeeGR မှတဆင့် စာများရေးသား ပေးပို့ မေးမြန်းလို့ရပါသည်။ COVID-19 ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့်အချက်အလက်များကိုပိုမိုသိရှိလိုပါက michigan.gov/coronavirus, accesskent.com/health/coronavirus.htm နှင့် cdc.gov/coronavirus စသည့် ဝက်စိုက်များသို့ ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
The Refugee Education Center